မြန်မာစစ်ဘေးရှောင်တွေကို မြန်မာဘက်ပြန်ပို့ခဲ့တဲ့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်

မြန်မာစစ်ဘေးရှောင်တွေကို မြန်မာဘက်ပြန်ပို့ခဲ့တဲ့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်

မဏိပူရ်မှာ စစ်ရှောင်ကြတဲ့ မြန်မာစစ်ဘေးရှောင်လူရာနဲ့ချီကို ဖမ်းဆီးခဲ့ပြီး မြန်မာဘက်ကို ပြန်ပို့ခဲ့တဲ့ အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh ဟာ ရာထူးမှနုတ်ထွက်ကြောင်းစာကို ဖေဖော်ဝါရီ ၉ ရက်က မဏိပူရ်ပြည်နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့ ကြောင်းသိရပါတယ်။

မဏိပူရ် ဝန်ကြီးချုပ် အန် ဘီရန် ဆင်းဟာ ဖေဖော် ဝါရီ ၉ ရက်မှာ ရာထူးက နုတ်ထွက်သွားပြီလို့ ပြည်နယ်အစိုးရ အတွင်းဝန်ရုံးက ထုတ်ပြန်ပါတယ်။

N Biren Singh လက်ထက် မဏိပူရ်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ မေလက လူများစုကသည်းလူမျိုးများနဲ့ ကူကီး(ဇို)လူမျိုးအ ကြား လူမျိုးရေးအကြမ်းဖက်မှု ပဋိပက္ခ ဖြစ်ပွားခဲ့ကာအဆိုပါ လူမျိုး‌ရေးပဋိပက္ခကြောင့် လူရာချီ သေဆုံးမှုများရှိခဲ့ပြီး လူသောင်းနှင့်ချီ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပါတယ်။လူမျိုး ရေး အကြမ်းဖက်မှု ကြောင့် ၂ ဖက် ပြည်သူများရဲ့နေအိမ်များ ထောင်ချီနဲ့ ကားများ၊ ဆိုင်ကယ်များလည်း မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။

မဏိပူရပြည်နယ်ထဲမှာ စစ်ရှောင်နေတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ ဝန်းကျင်ရဲ့ ဇီဝအချက်အလက်တွေကိုကောက်ယူခဲ့သလို မြန်မာစစ် ဘေးရှောင်တွေကို မြန်မာပြည်ပြန်ပို့မယ်လို့ နုတ်ထွက်သွားတဲ့ မဏိပူရ်ဝန်ကြီးချုပ်ဆင်းက မကြာခဏပြောဆိုခဲ့ပါတယ်။

Post Comment