ကျားဖြန့်လုပ်ငန်းတွေကို လက်မခံဖို့ မြန်မာဒေသခံတွေကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုက်တွန်း

Thaksin

ကျားဖြန့်လုပ်ငန်းတွေကို လက်မခံဖို့ မြန်မာဒေသခံတွေကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုက်တွန်း

နယ်စပ်တစ်လျှောက်ရှိ ကျားဖြန့်လုပ်ကိုင်သူတွေကို နှိမ်နင်းမှုမှာ ပံ့ပိုးကူညီကြဖို့ မြန်မာနိုင်ငံရှိ အသိုင်းအဝိုင်းတွေကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က တိုက်တွန်းခဲ့ပြီး သက်ဆိုင်ရာဒေ သတွေမှ ရာဇဝတ်ဂိုဏ်းတွေကို မောင်းထုတ်ပြီးပါက မြန်မာနိုင်ငံသို့ ဓာတ်အားနဲ့အင်တာနက် ပြန်ပေး မယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ လူမျိုးစုတင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အဖွဲ့ အချို့အတွက် ရန်ပုံငွေကို ကျားဖြန့်လုပ်ငန်းတွေ၊ လူကုန်ကူးကွန်ရက်တွေကနေ ရရှိတာလို့ သူက ဆိုပါ တယ်။

“ပြဿနာဖြစ်ပွားရတဲ့ အကြောင်းရင်းကို မဖြေရှင်းရင် ပြဿနာက ပြီးဆုံးမှာမဟုတ်ဖူး” လို့ ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံတွင်းရှိ ကျားဖြန့်လုပ်ငန်းတွေကို ရည်ညွှန်းပြီး ၎င်းက ပြောပါတယ်။
“ကျားဖြန့်ဂိုဏ်းတွေကို ဆက်ပြီး မပံ့ပိုးသင့်ဘူးဆိုတာ မြန်မာနိုင်ငံက အသိုင်းအဝိုင်းတွေ နား လည်ရမယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှ ကျားဖြန့်လုပ်ကိုင်သူတွေကို မောင်းထုတ်ပြီးပါက ဓာတ်အားနဲ့အင်တာနက် ပြန် ပေးမယ်လို့ သက်ဆင်က ကတိပြုပါတယ်။

မြန်မာနိုင်ငံသို့ လောင်စာဆီတင်ပို့မှု ဖြတ်တောက်တာဟာ လျှပ်စစ်ဓာတ်အား မထုတ်လုပ်နိုင်ဖို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံက လာအိုမှ ဓာတ်အားဝယ်ယူဖို့ စီစဉ်နေတဲ့အပေါ် သူက မှတ်ချက်ပြုပါတယ်။

ထိုင်းအစိုးရဟာ မြန်မာနိုင်ငံသို့ ဓာတ်အားပေးမှု ရပ်ဆိုင်းထားခြင်းရဲ့ အကျိုးသက်ရောက်မှုကို အကဲဖြတ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက ပြောပါတယ်။
ဓာတ်အားဖြတ်တောက်ရတဲ့ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေကို ထိခိုက်စေ ဖို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။

Post Comment