ဗိုလ်မှူးကြီးစောချစ်သူနဲ့ BGF ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ဖို့ ထိုင်းအထူးစုံစမ်းရေးအဖွဲ့ ပြင်ဆင်

Colonel Saw Chit Thu

ဗိုလ်မှူးကြီးစောချစ်သူနဲ့ BGF ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ဖို့ ထိုင်းအထူးစုံစမ်းရေးအဖွဲ့ ပြင်ဆင်

KNA လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ရဲ့ခေါင်ဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကို လူကုန်ကူးမှု သံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအထူးစုံစမ်းစစ် ဆေးရေးဌာန(DSI) က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မုတ်သုံ၊ ဗိုလ်မှူးတင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်နိုင်အောင်လည်း လိုအပ်တဲ့သက်သေအထောက်အထားတွေကို DSI က ရှေ့နေချုပ်ဆီကို တင်ပြသွားဖို့ရှိတယ်လို့လည်း ထိုင်းတရားရေးဝန်ကြီးက ဇန်နဝါရီလ ၁၁ ရက်မှာ ပြောပါတယ်။

ထိုင်းတရားရေးဝန်ကြီး ထဝီးဆော့ဆုန်က ‘’အိမ်နီးချင်းနိုင်ငံမှာ ထိန်းသိမ်းခံခဲ့ရတဲ့ထိုင်းနိုင်ငံသားတွေအမှု ဟောင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာကနေ ဗိုလ်မှူးကြီးစောချစ်သူနဲ့ BGF ထိပ်တန်းခေါင်းဆောင်တွေက လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာကို တွေ့ရှိရတာကြောင့် အခုလို ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်တဲ့အထိ ဖြစ်လာတာ’’ လို့ပြောပါတယ်။

ဒီအမှုဟောင်းဟာ လက်ရှိမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေကို နှိမ်နင်းနေတဲ့ BGF နယ်မြေထဲ မှာဖြစ်ခဲ့တာလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ တရားရေးဝန်ကြီးက ‘’ ဆက်စပ်နေတယ်ဆိုတဲ့ သက်သေအထောက်အထားတော့ ရှိပါတယ်လို့ တုံ့ပြန်ပါတယ်။

အမှုဟောင်း အရ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို ရှင်းရှင်းလင်းလင်းတွေ့ထားပြီးဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ ငွေကြေးခဝါချမှုအပိုင်းကို ဆက်ပြီးသုံးသပ်မှာဖြစ်ပါတယ်။အဲဒီအတွက်လည်း အစိုးရရှေ့နေနဲ့ အမှုစုံစမ်းအရာရှိကြား ဆက်ပြီး ဆွေးနွေးဖို့ရှိပါတယ်’’ လို့ သူက ပြောပါတယ်။

ဖမ်းဝရမ်းထွက်လာရင် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှာလားဆိုတဲ့ မေးခွန်းကိုတော့ ထိုင်း တရားရေးဝန်ကြီးက လူကုန်ကူးမှုဟာ အာဆီယံမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဖြစ်တာကြောင့် ညှိနှိုင်းဆောင်ရွက် ပူးပေါင်းလုပ်ဆောင်မှုတော့ လိုအပ်မှာဖြစ်တယ်လို့ ပြောထားပါတယ်။

https://www.bbc.com/burmese/live/cgmykkj1lvrt?fbclid=IwY2xjawIX2GZleHRuA2FlbQIxMAABHYyJulGfO6YnPyrLoJUZM8YpylnYkrrMQq9EV1Ah5u2zf8UhWxtXNLQ8Qg_aem_1xcUd2Uxq1oovKcWh-wqUg&post=asset%3A72a89e6f-0597-4ed9-9885-4788b8860a9a#asset:72a89e6f-0597-4ed9-9885-4788b8860a9a

Previous post

ကျားဖြန့်လုပ်ငန်းတွေကို လက်မခံဖို့ မြန်မာဒေသခံတွေကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုက်တွန်း

Next post

အစုလိုက်အပြုံလိုက် အသတ်ခံရမှုမှ လွတ်မြောက်လာသူများကို ကုစားပေးရန် လိုအပ်နေ

Post Comment