မီဇိုရမ်တွင် CNA (ငြိမ်း)တစ်ဦးအပါအဝင်လူ ၃ ဦးထံ ဘိန်းမဲများဖမ်းမိ

Mizoram Drug

မီဇိုရမ်တွင် CNA (ငြိမ်း)တစ်ဦးအပါအဝင်လူ ၃ ဦးထံ ဘိန်းမဲများဖမ်းမိ

မီဇိုရမ်၊ ကျန်ဖိုင်ခရိုင်၊ ဇိုသဲရွာနဲ့ မြန်မာနယ်စပ်ကြားတွင် ဖေဖော်ဝါရီလ ၁၁ ရက်ညနေ ၅နာရီ ၄၅ မိနစ်တွင် CNA (ငြိမ်း) ဗိုလ်မှူး Beirahnin (၃၈နှစ်) အပါအဝင် လူ ၃ ဦးထံ ဘိန်းမဲ ၉၄၅ ဂရမ်ဖမ်းမိတယ်လို့ ဒေသတွင်းသတင်းမှာဖော်ပြထားပါတယ်။

မီဇိုရမ်၊ ရှာဟာမြို့တွင်နေထိုင်တယ်လို့ထွက်ဆိုထားတဲ့ Beirahnin နဲ့အတူ တီးတိန်မြို့နယ်၊ Bulfek ရွာသား Cinsianmung (၂၅နှစ်) တို့ကို လမ်းမှာ ဇိုသဲရွာနဲ့ မြန်မာနယ်စပ်လမ်းမှာ မီဇိုရမ်မူးယစ်တိုက်ဖျက်ရေးနဲ့ အာသံရိုင်ဖယ်တို့က စစ်ဆေးကာဖမ်းမိခဲ့ပါတယ်။ ၎င်းတို့ထွက်ဆိုချက်အရ ကျန်ဖိုင်မြို့၊ Bethel ရပ်ကွက်နေထိုင်သူ ဒေါ် Cinsiandawni (၄၀နှစ်)ကိုလည်း ထပ်မံဖမ်းဆီးခဲ့ကြပါတယ်။

အဖမ်းခံရတဲ့အမျိုးသမီးဟာ လက်ရှိ CNA ဗိုလ်မှူး Bawi Tung ရဲ့ဇနီးလို့သိရတယ်။

၎င်းတို့သယ်ဆောင်တဲ့ ဘိန်းမဲဟာ ကလေးမြို့ကနေ သယ်ဆောင်လာတာဖြစ်ပြီး ရှာဟာမြို့တွင်ပြန်လည်ရောင်းချဖို့ဖြစ်ကြောင်းလည်းထွက်ဆိုကြပါတယ်။ ၎င်းတို့အားလုံးကို မူးယစ်ဥပဒေနဲ့ ကျန်ဖိုင်ခရိုင်တရားရုံးတွင်အမှုဖွင့်ဆိုထားပါတယ်။

Original Post: Zalen

Post Comment