At least 13 civilians were killed in an airstrike by Myanmar Junta

13 civilians were killed in an airstrike

At least 13 civilians were killed in an airstrike by Myanmar Junta

At least 13 civilians were killed in an airstrike carried out by the military in townships of Sagaing Region, Myanmar.

According to local sources, at least 13 civilians were killed when Myanmar’s military launched an airstrike in townships of the Sagaing Region.

The attack targeted areas where anti-junta resistance groups were reportedly active. Eyewitnesses reported widespread destruction, with homes and civilian infrastructure being severely damaged.

The incident has further escalated tensions in the region, prompting renewed condemnation from international human rights organizations. The junta has not released an official statement regarding the attack. However, resistance groups have vowed to continue their fight against military rule.

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေနဲ့ ဆားလင်းမြို့နယ်က ကျေးရွာတွေအပြင် ချောင်းဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၂ ရက်နေ့ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေ အပါအဝင် ဒေသခံ အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ဘေးဒုက္ခသည်စခန်းတွေကို ပါ Y 12 လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာ ဖြစ်ပြီး အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဆယ်ထက်မနည်းလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

မုံရွာမြို့နယ် ညောင်ဖြူပင်ရွာက ဒေသခံ သုံးဦး၊ သစ်ဆိမ့်ရွာက ငါးဦး၊ ဘုဘရွာက နှစ်ဦးနဲ့ ချောင်းဦးမြို့နယ် ကုလားကြီးရွာရှိ စစ်ရှောင်စခန်းက စစ်ဘေးရှောင် သုံးဦး တို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
“ စစ်ဘေးရှောင်စခန်းရှိတဲ့ ရွာတွေရော ပတ်ကြဲသွားတာ၊ ကလေးတွေ အပါအဝင် ၁၃ ဦးအထိ ရှိလာတယ်၊ ထပ်တိုးလာနိုင်ခြေရှိတယ်။ အခုလောလောဆယ်ရထားတဲ့ စာရင်းပေါ့ဗျာ။ ဒီနေ့ နေ့လည်မှာလည်း ချောင်းဦးကို လေကြောင်း ထပ်လာသေးတယ်။ ” လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရတဲ့သူတွေထဲမှာ ခြေလက်ဖြတ်တောက်ရမယ့် သူတွေလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်ချိန်မှာ ဗုံး အလုံး ငါးဆယ် ထက်မနည်းကို ကြဲချတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားတာမရှိပဲ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ယုတ်မာရက်စက်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း စစ်ကိုင်းပြည်သူ့အကျိုးပြု ကွန်ယက်(SSN)၊ ဝေဟင် လေကြောင်းကင်းထောက်တမန်(WaiHin)၊ ရေပြင်(YayPyin)၊ SSNTIMES တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။

Post Comment