One Championship ပွဲဦးထွက်ပြိုင်ပွဲတွင် ဘရော်နီကာ အမှတ်ဖြင့်ရှုံးနိမ့်

Veronica vs Francisca Vera

One Championship ပွဲဦးထွက်ပြိုင်ပွဲတွင် ဘရော်နီကာ အမှတ်ဖြင့်ရှုံးနိမ့်

ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပြုလုပ်သွားတဲ့ One Championship ပြိင်ပွဲမှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ချီလီဖိုက်တာ  Francisca Vera ကို အမှတ်နဲ့ရှုံးနိမ့်သွားပါတယ်။ ဘရော်နီကာဟာ ပထမဆုံး ယှဉ်ပြိုင်ခွင့်ရတဲ့ One Championship ပြိင်ပွဲမှာ ရှုံးသွားတာဖြစ်ပါတယ်။

မွေထိုင်းဖိုက် Atomweight ပြိုင်ပွဲမှာ ချီလီနိုင်ငံသူလက်ဝှေ့သမား ဖရန်စစ်စတာ ဗီရာကို ၃ ချီမြောက် ထိုးသတ်ပြီး အမှတ်နဲ့ရှုံးနိမ့်ခဲ့တာပါ။

ဘရော်နီကာဟာ အခုပြိုင်ပွဲမှာ ပြိုင်ဘက်ရဲ့တံတောင်ရိုက်ချက်တွေကို ကြံ့ကြံ့ခံကစားသွားနိုင်ခဲ့ပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့တယ်လို့ သုံးသပ်တာတွေလည်းရှိပြီး ပရိသတ်ရဲ့ အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။
ဘရော်နီကာကတော့ ပရိသတ်တွေရဲ့အားပေးတာကို ကျေးဇူးတင်ကြောင်းနဲ့ အခုပြိုင်ပွဲကနေ လေ့လာသင်ယူသွားပြီး နောက်ထပ်ယှဉ်ပြိုင်ဖို့အတွက်စိတ်လှုပ်ရှားနေပြီလို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

Post Comment