Xiaomi SU7 Ultra: Xiaomi ဟာ SU7 လျှပ်စစ်ကားကို ရောင်းချထားပြီး ရောင်းအားကောင်းနေပါတယ်။ အခုတော့ ကုမ္ပဏီက ပိုမို စွမ်းရည်မြင့်မားတဲ့ Xiaomi SU7 Ultra လျှပ်စစ်ကားကို နောက်နှစ် ပထမ ၃ လအတွင်း ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို Xiaomi CEO Lei Jun က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
Xiaomi SU7 Ultra ကို ကြေညာထားပြီး ဖြစ်ပါတယ်။ အဲဒီကားကို ကြေညာပြီး ရက်ပိုင်းအတွင်းမှာ Xiaomi ဟာ အဲဒီကားကို နောက်နှစ် ပထမနှစ်ဝက်မှာ ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ ပိုမို အသေးစိတ်ကျတဲ့ သတင်းအချက်အလက်ကို သိလာရပါပြီ။
Xiaomi မိတ်ဆက်ထားတဲ့ SU7 Ultra နမူနာမော်ဒယ်မှာလို ရောင်းတန်းဝင် မော်ဒယ်မှာ တူညီတဲ့ ကိုယ်ထည်၊ တူညီတဲ့ မော်တာ ၃ လုံးနဲ့ တူညီတဲ့ ဘက်ထရီ တပ်ဆင်ထားမှာပါ။
အဲဒီကားဟာ ၁.၉၇ စက္ကန့်အတွင်း ၁ နာရီကို ၀ ကနေ ၆၂ မိုင် အမြန်နှုန်း မြှင့်တင်နိုင်ပြီး 1,548 hp တပ်ဆင်ထားမှာပါ။ ၅.၉၆ စက္ကန့်အတွင်း ၁ နာရီကို ၀ ကနေ ၁၂၄ မိုင် အမြန်နှုန်းရစေပါတယ်။ ၁ နာရီကို ၂၁၇ မိုင်အထိ အမြင့်ဆုံး အမြန်နှုန်း ရရှိမှာပါ။
SU7 ရောင်းအားကောင်းသလို Xiaomi SU7 Ultra ဟာလည်း ရောင်းအားကောင်းမလား ဆိုတာ စောင့်ကြည့်ရမှာပါ။